သမိုင်းကြောင်း
စက်မှုလက်မှုအထက်တန်းကျောင်း (စစ်ကိုင်း) ကို (၁၇.၅.၁၉၉၀) ရက်နေ့တွင် စတင်ဖွင့်လှစ် ခဲ့ပါသည်။ ၁၉၉၈ ခုနှစ် ၊ ဒီဇင်ဘာလတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (စစ်ကိုင်း) သို့ လည်းကောင်း ၊ ၂၀၀၇ ခုနှစ် ၊ ဇန်နဝါရီလတွင် အစိုးရနည်းပညာကောလိပ်(စစ်ကိုင်း) သို့ လည်းကောင်း ၊ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် နည်းပညာတက္ကသိုလ်အဆင့်သို့လည်းကောင်း တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။
တည်နေရာနှင့်အကျယ်အဝန်း
နည်းပညာတက္ကသိုလ်(စစ်ကိုင်း) သည် မန္တလေး-မုံရွာကားလမ်းနံဘေး ၊ ကျောက်ဆစ်ရပ်ကွက် ၊ စစ်ကိုင်းမြို့နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တည်ရှိပါသည်။ ဧရိယာအကျယ်အဝန်းမှာ ( ၈၆.၉၈ ) ဧက ရှိပါသည်။
