ကျောင်းသားစာရင်းမှတ်ပုံတင်သောအခါ အောက်ပါတို့ကိုတစ်ပါတည်းယူဆောင်လာရမည်။
(က) ကျန်းမာရေးကောင်းမွန်ကြောင်းမြို့နယ်ဆရာ၀န် / ဒေသန္တရကျန်းမာရေး ဌာန၏ ထောက်ခံချက် ( မူရင်း )
(ခ) အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာမြို့နယ် စီမံခန့်ခွဲ မှုကော်မတီ၏ ထောက်ခံချက် ၊ ရဲစခန်းထောက်ခံချက် ( မူရင်း )
(ဂ) မိခင်၊ဖခင် နှင့် ကျောင်းသား / သူ ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ( မူရင်း နှင့် မိတ္တူ ) (၁) စုံ
(ဃ) အမျိုးသား၀တ်စုံ၀တ်ဆင်ရိုက်ကူးထားသော ပါတ်စ်ပို့ဓါတ်ပုံ( ၅ ) ပုံ( ဓါတ်ပုံ၏ အောက်ခြေတွင် နိုင်ငံသားစိစစ်ရေးကတ်အမှတ်ပါရှိရမည် )
(င) တက္ကသိုလ်၀င်စာမေးပွဲအောင်မြင်ကြောင်း ထောက်ခံစာ(မွေးသက္ကရာဇ်အတွက်) ( မူရင်းနှင့် မိတ္တူ ) (၁) စုံ
(စ)အိမ်ထောင်စုဇယား( မူရင်း နှင့် မိတ္တူ ) (၁) စုံ
မှတ်ချက်။ ။ ကျောင်းသားနှင့်အတူ မိဘ(သို့မဟုတ်) အုပ်ထိန်းသူကိုယ်တိုင် လာရောက်အပ်နှံရမည်ဖြစ်သည်။